About Us
Who We Are?
APEX Gas & Oil Public Co., Ltd ပိုင် Great Petroleum Terminalသည် နိုင်ငံတကာသင်္ဘောများ ဆိုက်ကပ်နိုင်သော အဆင့်မြင့်စက်သုံးဆီဆိပ်ခံတံတားဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး အများပိုင် Terminal ဖြစ်ပါသည် ။ သိုလှောင်ကန်များနှင့် Filling Station များပါ တစ်နေရာတည်း တည်ဆောက်ထားပြီး One Stop Service ဝန်ဆောင်မှုပေးနေသော Company ဖြစ်ပါသည်။ APEX Gas & Oil Public Co., Ltd ကို ( 16 January 2013) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြု ISO (9001: 2008) Certificate ကို ( 23 September 2015 ) ရက်နေ့တွင် ရရှိထားပြီးဖြစ်ပါသည် ။ စက်သုံးဆီအရည်အသွေး ပြည့်မှီခြင်း ၊ အချိန်အတွယ်မှန်ကန်ခြင်း ၊ Safety Standard နှင့် ကိုက်ညီ၍ ဘေးကင်းလုံခြုံမှုရှိအောင် စနစ်တကျ စီမံဆောင်ရွက်ထားခြင်း ၊ ဝန်ဆောင်မှုကောင်းမွန်ခြင်း နှင့် ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများကြောင့် ISO ( 9001 : 2008 ) Certificate မှ ISO ( 9001 : 2015 ) Certificate သို့ ( 15 November 2017 ) ရက်နေ့မှစတင်၍ တိုးမြှင့်ရယူနိုင်ခဲ့ပြီဖြစ်ပါသည် ။
Our Vision
စိတ်ချယုံကြည်ရသည့်အရည်အသွေး ဝန်ဆောင်မှုကောင်းများဖြင့် စက်သုံးဆီဈေးကွက်အား ဦးဆောင်ရန်
Our Mission
နိုင်ငံတကာစံချိန်စံညွန်းများအတိုင်း ကောင်းမွန်သည့်ကျင့်စဉ်များနှင့်အညီ မြန်မာ့စက်သုံးဆီဈေးကွက် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် နှင့် မြန်မာနိုင်ငံ၏ကောင်းကျိုးတိုးတက်မှုများအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်ရန်။
Our Goals

- အန္တရာယ်ကင်းရှင်းရေးလမ်းညွှန်ချက်များနှင့်အညီ ဘေးကင်းစိတ်ချရသောလုပ်ငန်းလည်ပတ်မှုများကို ဆောင်ရွက်သွားရန်။
- ဝန်ထမ်းများ၏ ကောင်းမွန်အကျိုးရှိသောစွမ်းဆောင်ရည်များ စဉ်ဆက်မပြတ် မြင့်မားလာစေရန်။
- သာလွန်ကောင်းမွန်သော အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများကို ပေးသွားရန်။
- ဈေးကွက်ဝေစုအားများများရယူရန်။
- အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်။
Our Commitment
စက်သုံးဆီနှင့်သက်ဆိုင်သည့် အလုံးစုံကို အတွေ့ကြုံကောင်းများဖြင့် အဖြေရှာပေးနိုင်သည့် စက်သုံးဆီဖြန့်ဖြူးရေးတွင် ဦးဆောင်နိုင်သည့် အဖွဲ့အစည်းဖြစ်စေရန် ၊ အရှိန်အဟုန်ကောင်းဖြင့် လည်ပတ်နေသည့် လုပ်ငန်းခွင်အတွင်း ဝယ်ယူသူများအပေါ်တွင် အကောင်းဆုံးသော ဝန်ဆောင်မှုပေးခြင်းဖြင့် ကုမ္ပဏီ၏ ဆင့်ကဲပြောင်းလဲမှုကို အထောက်အပံ့ပေးနိုင်သော အရည်အချင်းရှိသော ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်သည့် ကောင်းစွာ တည်ဆောက်ထားသော ဖွဲ့စည်းပုံဖြင့် စက်သုံးဆီနှင့်သက်ဆိုင်သည့် အလုံးစုံကို အဖြေရှာပေးနိုင်သည့် စက်သုံးဆီဖြန့်ဖြူးရေးတွင် ဦးဆောင်နိုင်သည့် အဖွဲ့အစည်းဖြစ်စေရန်။
Our People
ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် ကုမ္ပဏီအောင်မြင်ရေးအတွက် ကျောရိုးကြီးဖြစ်ပါသည်။ လုပ်ငန်းအား ဝန်ထမ်းဦးရေ (၂၀၀)ဖြင့် လုပ်ကိုင်နေပြီး ၎င်းတို့တစ်ဦးတစ်ယောက်စီတိုင်းသည် သက်ဆိုင်သည့် တာဝန်များကို သိရှိနားလည်နေပြီးဖြစ်သည်။ ဝန်ထမ်းများသည် ဝယ်ယူသူများအပေါ် အလေးအနက်ထား၍ ရင်းနှီးပျူငှာစွာဖြင့် ပိုကောင်းသော ဝန်ဆောင်မှုများကို အစဉ်တစိုက် ပေးနေပါသည်။ ဝယ်ယူသူ၏ လိုအပ်ချက်နှင့် လိုချင်မှုများကို အစဉ်တစိုက် အကောင်းဆုံးကြိုးစားဖြည့်စည်းဆောင်ရွက်ပေးနေပြီး ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ဝယ်ယူသူများနှင့် စက်သုံးဆီလုပ်ငန်းနှင့် သက်ဆိုင်သူများအတွက် အကျိုးဖြစ်စေမည်ဟု ယုံကြည်ပါသည်။
Our Service
ကျွန်ုပ်တို့သည် သင့်တော်သော ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူသူများအား ဖြန့်ဖြူးပေးနေပြီး ရည်ရှည်တည်တံ့သည့် ဆက်ဆံရေးကို တည်ဆောက်ပါသည်။ ဝယ်ယူသူများအား အရေအသွေးနှင့် အရေအတွက်ပေါ် အာမခံ၍ အထူးကောင်းမွန်သော ဝန်ဆောင်မှုများပေးသွားရန် အာမခံပါသည်။
- ဆီသိုလှောင်ကန်များ၊ ကုန်တင်သင်္ဘော၊ Terminal တို့ကို ငှားရမ်းသည့်ဝန်ဆောင်မှု
- ကုန်တင်သင်္ဘောများ, ဂါလံ 7200/3200/2800 ဆံ့သည့် ကားများဖြင့် ဆီများပို့ဆောင်ပေးခြင်း
- ၂၄ နာရီ အွန်လိုင်းအရောင်းစနစ်ဖြင့် ဆီအမျိုးအစားအစုံအတွက် ဆီသိုလှောင်ကန် Facilicy များ ပေးခြင်း၊
- ဆီဆိုင်များ ၂၄နာရီ ဝန်ဆောင်မှုအနေဖြင့် ထားရှိပေးထားခြင်း

Our Business
Main Business
- Terminal နှင့် သိုလှောင်ကန် ဝန်ဆောင်မှုများ၊ အထူးသဖြင့် စက်သုံးဆီထုတ်ကုန်များ
- နိုင်ငံတကာတွင် အောင်မြင်နေသော စက်သုံးဆီလုပ်ငန်းနှင့် Terminals များမှ အရည်အသွေးကောင်းမွန်သော ဒီဇယ်ဆီ၊ အဆင့်မြင့် ဒီဇယ်ဆီနှင့် Ron92 များကို တင်သွင်းခြင်း နှင့် ကိုယ်ပိုင်ဆီတင် သဘောၤများဖြင့် ဆီများသယ်ယူပို့ဆောင် ဖြန့်ဖြူးပေးခြင်း။
- စနစ်တကျ ထုတ်လုပ်ထားသော Diesel, Ron-92 နိုင်ငံတကာဈေးကွက်ထိဝင်ရောက်နိုင်ရန် ဈေးကွက်ရှာခြင်း၊ Export လုပ်ခြင်း။
- ကိုယ်ပိုင် ဆီသယ်ကားများဖြင့် ပြည်တွင်းရှိ လက်လီလက်ကား အရောင်းကိုယ်စားလှယ်များ ထံသို့ ဖြန့်ဖြူးပေးခြင်း။
- ရေနံထွက်ပစ္စည်းများနှင့် ပတ်သက်၍ တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း။
- ပြည်တွင်းအရောင်းကိုယ်စားလှယ်များအတွက် စက်သုံးဆီများအား သိုလှောင်သိမ်းဆည်းနိုင်ရန်အတွက် ကျွနု်ပ်တို့၏ သိုလှောင်ကန်များတွင် သင်တင့်သောသိုလှောင်ခဈေးနှုန်းများဖြင့် သိုလှောင်နိုင်ရန်စီစဉ်ပေးခြင်း၊
- ဆီသင်္ဘောများအား ကျွနု်ပ်တို့၏ Terminal တွင် ဆိုက်ကပ်၍ စက်သုံးဆီများအတင်အချ လုပ်နိုင်ရန် ဝန်ဆောင်မှုပေးခြင်းဖြင့် နိုင်ငံခြားဝင်ငွေများတိုးတက်လာစေခြင်း။
- ပြည်တွင်းရှိ ပြည်သူများအတွက်သာမက၊ အရည်အချင်းရှိပြီး လုပ်ငန်းကျွမ်းကျင်သော ပြည်ပနိုင်ငံခြားသားများ အတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း။
Secondary Business